လာရောက်လည်ပတ်သူအားလုံးကို*တင်မျိုးလင်း*မှထူးကျေးဇူးတင်ရှိပါတယ်ခင်မျာ


Thursday 24 January 2013

SAMSUNG GALAXY S PLUS GT-I9001 ကို ROOT လုပ်ပြီး မြန်မာဖောင့်ထည့်သွင်းနည်း

SAMSUNG GALAXY S PLUS GT-I9001 ကို ROOT လုပ်ပြီး မြန်မာဖောင့်ထည့်သွင်းနည်းTheodo: အစ်ကိုရေ ဖြစ်နိုင်ရင် Glaxy S Plus ဖုန်းလေး Root လုပ်နည်းလေးပြန်တင်ပေးပါလား အခက်အခဲဖြစ်နေလို့ပါ...

အခုပြောမဲ့နည်းလမ်းလေးက Samsung Galaxy S Plus GT-I9001 တွက်
- i9001 တွက် မည်သည့် ဗားရှင်းမဆို ရပါတယ်
- Odin နဲ့ Multidownloader သုံးစရာမလိုပါဘူး
- မလိုအပ်တဲ့ခါ ပြန်ပြီးတော့လဲ unroot လုပ်လို့ရပါတယ်

WARNNING !
ဖုန်းဆိုင်ကိုသွားပြီး မလုပ်ချင်သူတွေတွက် မိမိကိုယ်တိုင်လုပ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။
အခန့်မသင့်လို့ မိတ်ဆွေ ဖုန်းတခုခုဖြစ်ရင်တော့ ကျွန်တော်နဲ့ မသက်ဆိုင်ဘူးနော် :)
ဒါပေမဲ့ စိတ်မပူပါနဲ့ ကျွန်တော်ကိုတိုင် စမ်းသပ်းအောင်ပြီးမှ ပြောပြတာပါ

အခုနည်းလမ်းက သင့်ရဲ့ဖုန်း Warranty မပေးပါဘူး ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ပြန်ပြီး
unroot လုပ်နိုင်တဲ့တွက် Warranty တွက်အဆင်ပြေပါတယ်။


Samsung Galaxy S Plus GT-I9001 (Any Room) ကို Root လုပ်ဖို့တွက် ဘာတွေလိုအပ်လဲ ?
Root လုပ်ဖို့တွက်လိုအပ်တဲ့ ဖိုင် ၃ ဖိုင်ကို ဒေါင်းလုပ်ဆွဲပါ။ 1. Root-i9001-Signed.zip






Samsung Galaxy S Plus GT-I9001 (Any Room) ကို Root လုပ်နည်း
အဆင့် ၁ : ပထမဆုံး Root-i9001-Signed.zip ဖိုင်ကို Phone SD ကဒ်ထဲသို့ Copy ကူးပါ။
အဆင့် ၂ : ဒေါင်းလုပ်ဆွဲထားသော Easy Reboot Recovery.zip ဖိုင်ကို Desktop ပေါ်တွင်
winrar နဲ့ဖြည်ပြီး RebootRecovery.bat ဖိုင်ကို run ပေးပါ။

ဖုန်းကို USB Cable နဲ့ချိတ်ဆက်ထားပြီး (Phone Setting > Applications >Development > USB Debugging ကို
Check box ” On ” ပေးထားပါ )
အဆင့် ၃ : ဖုန်းကို ပါဝါပိတ်ပြီး ( ဖုန်း Bettery ကိုဖြုတ်ပြီး ပြန်တပ်ပေးပါ )
အဆင့် ၄ : ဖုန်းရဲ့ Recovery Mode သို့သွားပါမယ်။ အဲတွက် Vloume + နှင့် POWER ကို တွဲနှိပ်ပေးပါ
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း samsung logo နဲ့ Samsung Galaxy S Plus တလှည့်စီတက်လာပါလိမ့်မယ်
Vloume + နှင့် POWER ခလုတ်ကို မလွတ်ပါနဲ့။၃ကြိမ်မြှောက် တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။
( ဒီနေရာမှာ အရမ်းအရေးကြီးပါတယ် ) Vloume + နှင့် POWER လွတ်ပြီး Menu button ဖိနှိပ်ထားပေးပါ။
အဆင့် ၅ : Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME DOWN နှင့် HOME ခလုတ်ကို အသုံးပြုပါမယ်။
အဆင့် ၆ : Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ
” apply update from sdcard ” ကိုရွေးပြီး HOME ခလုတ်ကို နှိပ်ပေးပါ။
အဆင့် ၇ : Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး Root.zip file ကိုရွေးပြီး HOME ခလုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး Root-i9001-Signed.zip ကိုရွေးပေးပါ ) ။
အဆင့် ဂ : Root file install လုပ်ပြီးသွားပြီဆိုလျှင် ” reboot system now ” ကို ရွေးပြီး ဖုန်း reboot ကျတာကိုစောင့်ပေးပါ။
အဆင့် ၉ : ဖုန်းပြန်တာလာပြီ မိမိဖုန်းမှာ Superuser ကိုတွေ့ရပြီဆိုလျှင် မိမိဖုန်း Root လုပ်လို့ပြီးသွားပါပြီ။
* အဆင့်တွေမှန်ရဲ့သားနဲ့ Recovery Mode မတက်ဘူးဆိုရင် ၁၀မိနစ်လောက် ခဏနား လမ်းလေး ဘာလေးလျှောက် ရေအေးအေးလေး  ၁ ခွက် (သို့)
အအေးလေး ၁ ခွက်လောက်သောက်ပြီး အခုနည်းလမ်းတိုင်း ထပ်ပြီးကြိုးစားကြည့်ပေးပါ* :P
အဆင်ပြေပါလိမ့်မယ်……
အဆင်မပြေသေးရင် ဒီ SuperOneClick v2.3.3 နဲ့ Root နိုင်ပါတယ်...
Credit to: http://myanmarmobileapp.com/

linkwithin

Related Posts Plugin for WordPress, Blogger...