Mydroid Soft Keybord အားရယူရန်
Soft Keybord အားရယူရန်
ဒေါင်းပြီးပြီဆို၇င် အဲဒီ နှစ်ဖိုင်စလုံးကို ဖုန်းထဲမှာ install လုပ်ပါ။
install လုပ်ပြီးပြီဆိုရင် ဖုန်းရဲ့ setting ထဲကိုသွားပြီး language and keyboard ကိုရွေးပါ။
Mydroid soft keyboard ကို အမှန်ခြစ်ပေးပါ။

Input Method ကိုရွေးပါ။ Select input method ထဲမှာ Mydroid soft keyboard ကိုရွေးလိုက်ပါ
မြန်မာစာကီးဘုတ် ပေါ်လာပါလိမ့်မယ်။ အဲဒီမှာတင်မပြီးသေးပါဘူး ။ အခုသွင်းပြီးသလောက်က မြန်မာ keyboard သွင်းထားတဲ့အဆင့်ပဲရှိပါသေးတယ်။ မြန်မာဖောင့်ကို ဖုန်းရဲ့ function တွေ (ဥပမာ- message , contacts) မှာ ရေးနိုင် ဖတ်နိုင်အောင် မြန်မာ ဖောင့်ထည့်ရဦးမှာပါ။ အောက်မှာဆက်ဖတ်ပါ။



Click here to download
zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ
DroidSansFallback.ttf ကတော့ zawgyi ဖောင့်ကို rename လုပ်ထားတာပါ ။
Root Explorer ကို သွင်းလိုက်ပါ ။ သွင်းပြီးရင်တော့ (root explorer ကို စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေးပါလိမ့်မယ် allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ) Root explorer ကနေ download လုပ်ပြိးzipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။
ဒီထိပြီးရင်တော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ အောက်ကပုံအတိုင်း (Mount R/W ) အနီပြထားတာကိုနိုပ်ပါ။

အားလုံးပြီးရင်အောက်ကပုံအတိုင်းဖြစ်နေရပါမယ်

ဒီအထိပြိးရင် DroidSansFallback.ttf ကို permission ပြောင်းပေးရပါမယ် အဲအတွက် DroidSansFallback.ttf ကို ကြာကြာဖိထားပါ အောက်ကပုံအတိုင်းပေါ်လာပါမယ်။အောက်ပုံအတိုင်း permission ကိုပေးလိုက်ပါ

ပြီးရင်တော့ OK နှိပ်ပါ။ ပြီးရင် paste ကိုနှိပ်လို့ ရပါပြီ ။
နှိပ်လိုက်ရင် Warning ရှိပြီးသားလို့ လာပြပါလိမ့်မယ် ။ overwirte လိုက်ပါ Yes ကိုရွေးပါ ။
အခုဆိုရင် မြန်မာ ဖောင့် မြင်ရပြီဖြစ်ပါတယ်။ မြန်မာလို ရိုက်ချင်ရင်တော့ Message ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
Message ကိုဖွင့်ပါ ။ New Message ထဲကိုဝင်ပါ။ စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။ ပြီးရင် ရိုက်လို့ရပါပြီ။ အားလုံးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်လုပ်တာတော့ အဆင်ပြေပါတယ်။ အားလုံးပဲစမ်းကြည့်လိုက်ကြပါဦး။
http://grou.ps/ucsmcyber/blogs/person/binncpayokwqcxowa မှ....